Rhenus Groupစီမံခန့်ခွဲမှုဘုတ်အဖွဲ့၏ CEO နှင့် Chairman အဖြစ်Tobias Bartz အား ခန့်အပ်ခြင်း။



စင်္ကာပူ - Media OutReach - ၁၆ ရက် မတ်လ ၂၀၂၂ - ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစတင်၍ Tobias Bartz မှ Rhenus Groupစီမံခန့်ခွဲမှုဘုတ်အဖွဲ့ ၏ CEO နှင့်Chairman အဖြစ် လွှဲပြောင်းရယူတော့မည် ဖြစ်ပါသည်။ သူသည် RETHMANN SE ၏ အမှုဆောင် ဘုတ်အဖွဲ့တွင် ၎င်း၏တာဝန်များကို Klemens Rethmann နေရာတွင် ဆက်ခံမည်ဖြစ်သည်။

Rhenus SE & Co. KG ၏ ကြီးကြပ်ရေးဘုတ်အဖွဲ့သည် Tobias Bartz ကို CEO နှင့် Management Board ၏ ဥက္ကဋ္ဌအဖြစ် ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်၍ ခန့်အပ်မည် ဖြစ်ပါသည်။

၁၉၆၅ ခုနှစ်တွင် မွေးဖွားခဲ့သော Klemens Rethmann သည် ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် သူ၏၂၀၀၈ခုနစ်ကတည်းက စတင်တာဝန်ယူခဲ့သောရာထူးကို လွှဲပြောင်းမည် ဖြစ်ပါသည်။

"ကျွန်ုပ်တို့အနေဖြင့်Rhenusတွင်အပြုသဘောဆောင်သော တိုးတက်မှုများကို ဆက်လက်လုပ်ဆောင်နိုင်ရန် အစောပိုင်းအဆင့်ကတည်းက အဆိုပါရာထူးဆက်ခံခြင်းဆိုင်ရာ ကိစ္စရပ်များကို ပြင်ဆင်ဆောင်ရွက်ခဲ့ပါသည်။

Tobias Bartz အနေဖြင့် ပေးအပ်တဲ့တာဝန်များအပေါ်ကို အောင်မြင်စွာထမ်းဆောင်နိုင်မယ်လို့ အပြည့်အဝ ကျွန်ုပ်တို့အနေဖြင့် ယုံကြည်ပါတယ်။

သူ့အနေနှင့် နိုင်ငံတကာအတွေ့အကြုံများစွာရှိပြီး သာလွန်ကောင်းမွန်သော ကွန်ရက်များနှင့် Rhenus ကို ပို၍ကောင်းမွန်သောအနာဂတ်သို့ ဦးဆောင်ရန် အကောင်းဆုံးရွေးချယ်မှုဖြစ်သည်" ဟု Rhenus SE & Co. KG ၏ ကြီးကြပ်ရေးဘုတ်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ Marco Schröter က ပြောကြားခဲ့သည်။ နောင်တွင် RETHMANN SE ၏ အမှုဆောင်ဘုတ် အဖွဲ့တွင် ၎င်း၏တာဝန်များကို အာရုံစိုက်လုပ်ဆောင်မည့် Klemens Rethmann က "Tobias နှင့် ကျွန်ုပ်သည် Rhenus Group တွင် ကျွန်ုပ်၏အစောပိုင်းကာလကတည်းက အတူတကွပူးပေါင်းဆောင်ရွက်ပြီး အောင်မြင်စွာ လုပ်ဆောင်ခဲ့ကြပါသည်။ ဤနှစ်များအတွင်း ကျွန်ုပ်တို့သည် Rhenus မိသားစု၏ အဖွဲ့ဝင်များအားလုံးနှင့်အတူ ကြီးမားသောစီးပွားရေးလုပ်ဆောင်မှုများ ရရှိခဲ့ပါသည်။ တစ်ယောက်ကိုတစ်ယောက် လေးစားယုံကြည်မှုရှိပြီး သူ့ကိုဆက်ခံသူအဖြစ် ပေးအပ်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်။"

Tobias Bartz သည် ၁၉၇၇ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် Rhenus တွင်Management Trainee အဖြစ်သူ၏ ပရော်ဖက်ရှင်နယ်အသက်မွေးဝမ်းကျောင်းကို စတင်ခဲ့သည်။

ထိုအချိန်မှစပြီး Rhenus Group အတွင်းရှိ နိုင်ငံတကာနယ်ပယ် အသီးသီးတွင် သူ၏ခေါင်းဆောင်မှု စွမ်းရည်ဆိုင်ရာ အရည်အချင်းများကို ပြသပေးနိုင်ခဲ့သည်။

အခြားအရာများအပြင် ပြင်သစ်နှင့် စပိန်ရှိ Rhenus Road ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းအတွက်လည်း တာဝန်ယူခဲ့သည်။ သူသည် ၂၀၁၅ ခုနှစ်တွင် Rhenus စီမံခန့်ခွဲမှုဘုတ်အဖွဲ့ဝင်တစ်ဦးအဖြစ် ခန့်အပ်ခြင်းခံရပြီး ၂၀၁၈ ခုနှစ်တွင် ဂျာမနီသို့ ပြန်လည်အခြေမချခင် စင်ကာပူမှ Air & Ocean ဌာနခွဲ၏တိုးတက်မှုကို သုံးနှစ်ကြာ စီမံကွပ်ကဲခဲ့သည်။ Rhenus Group ၏စီမံခန့်ခွဲမှုဘုတ်အဖွဲ့ CEO နှင့် Chairman အဖြစ်ခန့်အပ်ခြင်းနှင့်အတူ ဤဌာနခွဲတွင် သူ၏စီမံခန့်ခွဲမှုရာထူးကို ဆက်လက်ထိန်းသိမ်းထားမည်ဖြစ်သည်။ Tobias Bartz တွင် ရည်မှန်းချက်တစ်ခု ရှင်းရှင်းလင်းလင်း ရှိခဲ့ပြီး "နောက်နှစ်အနည်းငယ်အတွင်းမှာ Rhenus Group အတွက် နောက်ထပ်တိုးတက်မှုအပြင်ပတ်ဝန်းကျင်ထိန်းသိမ်းမှုနဲ့ ဒစ်ဂျစ်တယ်အသွင်ပြောင်းရေးကိုလည်း ပြင်းပြင်းထန်ထန် အာရုံစိုက်သွားမှာပါ။ ဤကာလအတွင်း ကျွန်ုပ်တို့၏ ကမ္ဘာလုံးဆိုင်ရာကွန်ရက်ကို ဆက်လက်ချဲ့ထွင်ပါမည်။"ဟု ပြောကြားခဲ့သည်။



Công ty phát hành chịu trách nhiệm cho nội dung của thông báo này
Rhenus အကြောင်း
Rhenus အကြောင်း
Rhenus Group သည် ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းလည်ပတ်မှုများနှင့် နှစ်စဉ် လည်ပတ်ငွေ ယူရို ၇ ဘီလီယံဖြင့် ထိပ်တန်း logistics လုပ်ငန်းများထဲမှ တစ်ခုဖြစ်သည်။ ဝန်ထမ်း ၃၇,၅၀၀သည် လုပ်ငန်းနေရာ ၉၇၀ တွင် အလုပ်လုပ်ပြီး ပြီးပြည့်စုံသော ထောက်ပံ့ရေးကွင်းဆက် တစ်လျှောက် ဆန်းသစ်သောဖြေရှင်းနည်းများကို ဖော်ဆောင်လျှက်ရှိပါသည်။ သယ်ယူပို့ဆောင်ရေး၊ သိုလှောင်ရုံ၊ အကောက်ခွန်ရှင်းလင်းရေး သို့မဟုတ် တန်ဖိုးမြှင့်ဝန်ဆောင်မှုများ အား မိသားစုစီးပွားရေးတစ်ခုအနေဖြင့် သုံးစွဲသူများ၏ လိုအပ်ချက်ကို အချိန်တိုင်း အဓိကအာရုံစိုက်၍ လုပ်ငန်းဆောင်ရွက်မှုများကို အစဉ်ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

#Rhenus
NGUỒN:

Rhenus Asia Pacific

DANH MỤC:

Business

ĐÃ XUẤT BẢN VÀO:

16 Mar 2022

Thông cáo báo chí trước đây

Chi tiết hơn

Talk to Media OutReach Newswire today

LIÊN HỆ VỚI CHÚNG TÔI NGAY BÂY GIỜ